# ပြင်ဆင်ချက်များ စစ်ဆေးရန်

စာသားပြင်ဆင်ချက် ၁၈၇ ခု။ ပုံများကို မူရင်းအတိုင်းထားသည်။

## Day 1 — မူရင်းလက်စွဲ (၃ မျက်နှာ)

- [ ] စာမျက်နှာ 1 — 01 “ကုသိုလ်နှင့် အကုသိုလ်”

- [ ] စာမျက်နှာ 1 — အကုသိုလ်     -     အကုသိုလ်တရားတို့သည် “လောဘ၊ ဒေါသ၊ မောဟ” တို့ ဖြစ်ကြပါသည်။

- [ ] စာမျက်နှာ 1 — ကုသိုလ်        -     ကုသိုလ်တရားဟူသည် “လောဘစွန့်ခြင်းသည် ကုသိုလ်ဖြစ်၏၊ ဒေါသစွန့်ခြင်းသည် ကုသိုလ်ဖြစ်၏၊ မောဟစွန့်ခြင်းသည် ကုသိုလ်ဖြစ်၏”။ ကုသိုလ်ဟူသည် အကုသိုလ်ကို စွန့်ပယ်ခြင်း ကိစ္စရှိပါသည်။ ထို့ကြောင့် ကုသိုလ်နှင့် အကုသိုလ်ဟူ၍ သီးခြားမရှိဘဲ အကုသိုလ်စွန့်ပယ်ခြင်းကို ကုသိုလ်ဟု ခေါ်ခြင်းဖြစ်သည်။

- [ ] စာမျက်နှာ 1 — လောကီ ဥပမာ

- [ ] စာမျက်နှာ 1 — ဆေးသောက်လျှင် ရောဂါ ပျောက်ကင်း ပါသည်။ ရောဂါပျောက်ပါက ဆေးဟု အမည် ရသကဲ့သို့ အကုသိုလ်စွန့်ပယ်လျှင် ကုသိုလ်ဟု အမည် ရပါသည်။

- [ ] စာမျက်နှာ 1 — ဓမ္မ အနှစ်သာရ

- [ ] စာမျက်နှာ 1 — ကုသိုလ်ကောင်းမှု ပြုလုပ်လျှင် အကုသိုလ်တရားတို့ကို အမှန်တကယ် ပယ်ရှားပေး နိုင်ပါသည်။

- [ ] စာမျက်နှာ 2 — 02 “လောဘစွန့်ဖို့သာလိုရင်း”

- [ ] စာမျက်နှာ 2 — ဓမ္မစကြာတရားတော်အရ ဆင်းရဲဒုက္ခခပ်သိမ်းတို့၏ အရင်းအမြစ်သည် “လောဘ - တဏှာ” ကြောင့်ဟု မြတ်စွာဘုရားက ညွှန်ပြတော်မူပါသည်။

- [ ] စာမျက်နှာ 2 — “လောဘကို အပြီးစွန့်ပယ်နိုင်ခြင်း”ကြောင့် “ဆင်းရဲခပ်သိမ်း ချုပ်ငြိမ်းခြင်း” ကိုပင် “နိဗ္ဗာန်” ဟု အမည်ပေး ပညတ်ထားခြင်း ဖြစ်ပါသည်။

- [ ] စာမျက်နှာ 2 — “လောဘကုန်ရာ နိဗ္ဗာန်” ၏ သဘော သဘာဝအမှန်

- [ ] စာမျက်နှာ 2 — လောဘရှိရင် ဒုက္ခရှိ၏။လောဘကြီးရင် ဒုက္ခကြီး၏လောဘနည်းရင် ဒုက္ခနည်း၏

- [ ] စာမျက်နှာ 2 — လောဘကုန်ရင် ဒုက္ခကုန်၏

- [ ] စာမျက်နှာ 2 — ဒုက္ခကုန်ရင် နိဗ္ဗာန်ရောက်၏။ လောဘကုန်ရာ (သို့) ဒုက္ခချုပ်ငြိမ်းရာကို နိဗ္ဗာန်ဟု ခေါ်၏

- [ ] စာမျက်နှာ 2 — အဓိက သော့ချက်ဖြစ်သော နှလုံးသွင်းမှန်ကန်မှု

- [ ] စာမျက်နှာ 2 — လှူဒါန်းမှု ဒါနကုသိုလ် ဟူသည် မိမိ၏ ပိုင်ဆိုင်မှုအပေါ် တွယ်တာသော လောဘကို စွန့်လွှတ်ခြင်းဖြစ်၍ “လောဘငြိမ်းရာ နိဗ္ဗာန်” ကို ဉာဏ်ဖြင့် ရည်မှန်းပြီး အရာရာကို တွယ်တာစိတ် ကင်းရှင်းစွာဖြင့် လှူဒါန်းရမည်ဖြစ်ပါသည်။

- [ ] စာမျက်နှာ 3 — 04 “လောဘကိုစွန့်ရန် ကုသိုလ် (၅) မျိုး”

- [ ] စာမျက်နှာ 3 — လောဘကို အဆင့်ဆင့် စွန့်ပယ်ခြင်း

- [ ] စာမျက်နှာ 3 — ၁ဒါနကုသိုလ်

- [ ] စာမျက်နှာ 3 — လှူဒါန်းပေးကမ်းမှုဖြင့် ပစ္စည်းဥစ္စာအပေါ် စွဲလမ်းသော လောဘကို စွန့်ခြင်း။

- [ ] စာမျက်နှာ 3 — အကြမ်းစားအဆင့် လောဘစွန့်ခြင်း

- [ ] စာမျက်နှာ 3 — ၂သီလကုသိုလ်

- [ ] စာမျက်နှာ 3 — ဥပမာ-၈ပါးသီလ     -     ဥပုသ်စောင့်ထိန်း၍ ညစာစားချင်သော လောဘကို စွန့်ခြင်း။

- [ ] စာမျက်နှာ 3 — အလယ်အလတ်အဆင့် လောဘစွန့်ခြင်း

- [ ] စာမျက်နှာ 3 — ၃သမာဓိကုသိုလ်

- [ ] စာမျက်နှာ 3 — စိတ်ငြိမ်သက်တည်ကြည်အောင် ကြိုးစားစောင့်ထိန်းခြင်းဖြင့် တွေးတောချင်၊ ပျံ့လွင့်ချင်သော လောဘကို စွန့်ခြင်း။

- [ ] စာမျက်နှာ 3 — စိတ်တည်ငြိမ်မှု ရရှိစေခြင်းဖြင့် နူးညံ့သော လောဘကို စွန့်ခြင်း

- [ ] စာမျက်နှာ 3 — ၄ဝိပဿနာ

- [ ] စာမျက်နှာ 3 — ငါ့ကိုယ်၊ ငါ့ဥစ္စာ၊ ငါ့ရုပ်နာမ်ဟု အထင်မှားသိမ်းပိုက်တတ်သော လောဘကို စွန့်ခြင်း။

- [ ] စာမျက်နှာ 3 — ဉာဏ်အမြင်ဖြင့် ပို၍ နူးညံ့သော လောဘကို စွန့်ခြင်း

- [ ] စာမျက်နှာ 3 — ၅မဂ်ကုသိုလ်

- [ ] စာမျက်နှာ 3 — လောဘအကုသိုလ်ကို အကြွင်းမဲ့ အမြစ်ပြတ် အပြီးတိုင် ပယ်သတ်ခြင်း။

- [ ] စာမျက်နှာ 3 — နိဗ္ဗာန်သို့ ဆိုက်ရောက်ခြင်းအဆင့်

- [ ] စာမျက်နှာ 3 — 05 “ကုသိုလ်-အကုသိုလ်တိုက်ပွဲ နေ့စဉ်နွဲ”

- [ ] စာမျက်နှာ 3 — သာမန်လူသားတို့၏ လူ့လောကဘဝတွင် “စား-ဝတ်-နေရေး” သည် အလွန်အရေးကြီးပါသည်။

- [ ] စာမျက်နှာ 3 — နေ့စဉ်ဘဝများတွင် စားဝတ်နေရေး အတွက် အသက်မွေးဝမ်းကျောင်းပြီး ရှာဖွေကြရာတွင် ကုသိုလ်တရားများ ဖြစ်ပေါ်သလို အကုသိုလ်တရားများလည်း ဖြစ်ပေါ်နေတတ်ကြပါသည်။

- [ ] စာမျက်နှာ 3 — ထို့ကြောင့် “ဘဝဆိုတာ ကုသိုလ်နှင့် အကုသိုလ်တို့၏ တိုက်ပွဲတစ်ခုသဖွယ် ဖြစ်နေပါသည်။ ဘဝလွတ်မြောက်မှု အတွက် ကုသိုလ်က အကုသိုလ်ကို အပြီးပယ်သတ်နိုင်မှသာလျှင် နိဗ္ဗာန်သို့ ရောက်ရှိနိုင်မည် ဖြစ်ပါသည်။*

- [ ] စာမျက်နှာ 3 — ယနေ့ နှလုံးသွင်းဆင်ခြင်ရန်

- [ ] စာမျက်နှာ 3 — “ဒီနေ့ သင်ပြုလုပ်ခဲ့သော ဒါန၊ သီလ၊ စိတ်နေသဘောထားတို့ကို လောဘငြိမ်းရာ နိဗ္ဗာန်နှင့် ချိတ်ဆက်ထားပြီးပြီလား”

## Day 2 Morning — ကံကုသိုလ်နှင့် ဉာဏ်ကုသိုလ် (၇ မျက်နှာ)

- [ ] စာမျက်နှာ 1 — မျက်မြင်ဉာဏ်မြင်

- [ ] စာမျက်နှာ 1 — Action - ကံ (Outer)၊→ စေတနာဟု အမှန်သိခြင်း  - ဉာဏ် (Inner)

- [ ] စာမျက်နှာ 1 — (၂) ကော်ဖီတိုက်တဲ့ စေတနာ

- [ ] စာမျက်နှာ 1 — ကော်ဖီတိုက်တဲ့ စေတနာကို “ငါ့စေတနာ”၊ “ငါက ကော်ဖီတိုက်တာ” ထင်ပြီး လောဘနဲ့သိမ်းပိုက်ရင် “ကံကုသိုလ်” ဖြစ်ပါတယ်။ “သတိ” ကြောင့် ကော်ဖီတိုက်တဲ့ နောက်ကွယ်က စေတနာရဲ့ ဖြစ်ပေါ် ချုပ်ပျက်တာကို အမှန်မြင်ရင် “ဉာဏ်ကုသိုလ်” ဖြစ်ပါတယ်။

- [ ] စာမျက်နှာ 1 — (၃) တံမြက်စည်းလှဲတဲ့ စေတနာ

- [ ] စာမျက်နှာ 1 — တံမြက်စည်း တစ်ချက် လှဲတိုင်းလှဲတိုင်း၌ စေတနာတစ်ခုစီ ဖြစ်ပေါ် ပြီးနောက် ချုပ်ပျက် သွားပါသည်။ တစ်ချက်ပြီး တစ်ချက် လှဲနေစဉ် တစ်ခုပြီး တစ်ခု ဖြစ်ပေါ် ချုပ်ပျက်နေသော စေတနာကို “သတိ” ဖြင့် အမှန်သိမြင်ခြင်းသည် “ဉာဏ်ကုသိုလ်” ဖြစ်သည်။

- [ ] စာမျက်နှာ 1 — (၄) ဆွမ်းကပ်တဲ့ စေတနာ

- [ ] စာမျက်နှာ 1 — ဆွမ်းကို “ငါကပ်တာ၊ ငါလှူတာ၊ ငါကုသိုလ်ရတယ်”လို့ပဲ သိပြီး လှူလိုက်တာပါ။ ဒါက ကံကုသိုလ်တွေပါ။ အမှန်က ဆွမ်းပွဲကို မလိုက်တာနဲ့ စေတနာပေါ်ပါတယ်၊ ပြီးရင် အောက်ချတာနဲ့ ပေါ်တဲ့စေတနာက ချုပ်ပါတယ်။“စေတနာ”ကိုအမှန် “သတိ” ပြုမိတဲ့ “ဉာဏ်ကုသိုလ်”က စေတနာကို ငါနဲ့သိမ်းပိုက်တဲ့ လောဘကိုပယ်ပြီး နိဗ္ဗာန်ပို့ပါတယ်။

- [ ] စာမျက်နှာ 1 — (၅) ခြေလှမ်းတိုင်းမှာ စေတနာ

- [ ] စာမျက်နှာ 1 — ဘုရားဆီကိုသွားတဲ့ ခြေလှမ်းတွေလှမ်းအောင် နောက်ကွယ်ကတိုက်တွန်းတဲ့ “စေတနာတွေက ကံကုသိုလ်” ပါ၊ တစ်လှမ်းပြီးတစ်လှမ်းတိုင်းမှာ စေတနာရဲ့ဖြစ်ပေါ် ချုပ်ပျောက်မှုကို “သတိ”ပြုမိတာက “ဉာဏ်ကုသိုလ်”ပါ။

- [ ] စာမျက်နှာ 1 — ခြေလှမ်းအောင် တိုက်တွန်းတဲ့“စေတနာ”က ဘုရားဆီရောက်အောင်ပဲ ပို့နိုင်တာပါ။ “စေတနာကို သတိ”ပြုမိတဲ့ “ဉာဏ်ကုသိုလ် က ဆင်းရဲငြိမ်းတဲ့နိဗ္ဗာန် ထိရောက်အောင် ပို့ပါတယ်။

- [ ] စာမျက်နှာ 1 — ရှေ့စိတ်     -     စေတနာဖြစ်ပျက်

- [ ] စာမျက်နှာ 1 — နောက်စိတ်     -     သတိ က မဂ်(စေတနာနှင့်စေတနာပေါ်၊ ချုပ်မှုကိုသိခြင်း)

- [ ] စာမျက်နှာ 1 — (၆) Conclusion

- [ ] စာမျက်နှာ 1 — ညောင်စေ့လောက်လှူရင် ညောင်ပင်ကြီးလောက်ရတယ်

- [ ] စာမျက်နှာ 1 — ငယ်ငယ်ကကြားဘူးပေမဲ့ “နည်းနည်းလှူပြီး များများရတယ်”လို့ “လောဘရှုထောင့်“ကသိတာပါ။ အမှန်က ကော်ဖီတိုက်တဲ့ စေတနာက “ညောင်စေ့” နဲ့တူတယ်။ ငါ့စေတနာ၊ ငါကော်ဖီတိုက်တာလို့ သိတာပါ။ ကော်ဖီကို ငါကတိုက်တာ မဟုတ်ဘဲ စေတနာက ကော်ဖီတိုက်တာလို့ အမှန်သတိပြုမိတဲ့ ဉာဏ်ကုသိုလ်က “ညောင်ပင်ကြီး”လောက်ဖြစ်တာပါ။ ဉာဏ်ကုသိုလ်က စေတနာကိုအမှန်မြင်လို့ ညောင်ပင်ကြီးလောက်ဆိုတဲ့ နိဗ္ဗာန်ထိရောက်အောင်ပို့ပါတယ်။

- [ ] စာမျက်နှာ 2 — ကောင်းမှုကို ပြုလုပ်ပါ

- [ ] စာမျက်နှာ 2 — ကောင်းမှုကို ပြုလုပ်ရင်း သတိပြုဆင်ခြင်ပါ

- [ ] စာမျက်နှာ 2 — ကံကုသိုလ်

- [ ] စာမျက်နှာ 2 — ကူညီပေးကမ်းလိုတဲ့ ကောင်းသောစေတနာနဲ့ သူတစ်ပါး အကျိုးကို ဆောင်ရွက်ပါ။

- [ ] စာမျက်နှာ 2 — ဉာဏ်ကုသိုလ်

- [ ] စာမျက်နှာ 2 — ကောင်းမှု ပြုလုပ်နေစဉ် ပေါ်လာတဲ့ စေတနာရဲ့ ပြောင်းလဲချုပ်ပျက်သွားမှုကို သတိပြု ဆင်ခြင်ပါ။

- [ ] စာမျက်နှာ 3 — ကော်ဖီတိုက်ခြင်း

- [ ] စာမျက်နှာ 3 — ကောင်းကျိုး ဖြည့်ဆည်းပေးလိုတဲ့ စိတ်ကို သိခြင်း

- [ ] စာမျက်နှာ 3 — ကံကုသိုလ်

- [ ] စာမျက်နှာ 3 — သူတစ်ပါးရဲ့ ကောင်းကျိုးကို ဖြည့်ဆည်းပေးလိုသော စေတနာဖြင့် ကော်ဖီတိုက်ပါ။

- [ ] စာမျက်နှာ 3 — ဉာဏ်ကုသိုလ်

- [ ] စာမျက်နှာ 3 — “ကော်ဖီသောက်ပါဦး”လို့ ပြောနေစဉ် နောက်ကွယ်က ပေါ်လာတဲ့ စေတနာ ချုပ်ပျက်သွားတာကို သတိနဲ့ သိမြင်ပါ။

- [ ] စာမျက်နှာ 3 — ကော်ဖီတစ်ခွက် ကမ်းပေးရင်း သတိဖြင့် စေတနာကို သိမြင်နိုင်ပါက အဖိုးမဖြတ်နိုင်သော အကျိုးရလဒ်ကို ရရှိမှာ ဖြစ်ပါတယ်။

- [ ] စာမျက်နှာ 4 — (၃) တံမြက်စည်းလှဲတဲ့ စေတနာ

- [ ] စာမျက်နှာ 4 — တစ်ချက်လှဲတိုင်း စေတနာတစ်ခုစီ ပေါ်လာပြီး ပြန်ချုပ်သွားသည်။

- [ ] စာမျက်နှာ 4 — တစ်ချက်လှဲတိုင်း စေတနာပေါ်သည်။

- [ ] စာမျက်နှာ 4 — တံမြက်စည်း တစ်ချက်လှဲတိုင်း စေတနာရဲ့ ဖြစ်ပျက်မှုကို သိပါ။

- [ ] စာမျက်နှာ 4 — ကံကုသိုလ်

- [ ] စာမျက်နှာ 4 — တံမြက်စည်း တစ်ချက်လှဲတိုင်း၊ လှဲလိုတဲ့ စေတနာ တစ်ခုစီ ဖြစ်ပေါ်ပါတယ်။ သန့်ရှင်းစေလိုတဲ့ ကောင်းသောစေတနာနဲ့ ကူညီလှဲပေးပါ။

- [ ] စာမျက်နှာ 4 — ဉာဏ်ကုသိုလ်

- [ ] စာမျက်နှာ 4 — တစ်ချက်ပြီးတစ်ချက် လှဲနေစဉ် စေတနာတစ်ခုပြီးတစ်ခု ဖြစ် ပေါ် ပြီး ချုပ်ပျက်သွားတာကို သတိနဲ့ အမှန်သိမြင် ပါ။

- [ ] စာမျက်နှာ 4 — တံမြက်စည်း တစ်ချက်လှဲမှုတိုင်း၌ စေတနာတစ်ခုစီ ဖြစ်ပျက်နေသည်။သတိနဲ့မြင်အောင်ကြည့်ပါ။

- [ ] စာမျက်နှာ 5 — (၄) ဆွမ်းကပ်တဲ့ စေတနာ

- [ ] စာမျက်နှာ 5 — ဆွမ်းပွဲကို မြှောက်ခြင်းနှင့် ပြန်၍ ချခြင်း

- [ ] စာမျက်နှာ 5 — ကံကုသိုလ်

- [ ] စာမျက်နှာ 5 — ဆွမ်းလှူလိုတဲ့ စေတနာနဲ့ လှူပါ။ “ငါကပ်တာ၊ ငါလှူတာ၊ ငါ့စေတနာ၊ ငါကုသိုလ်ရတယ်”လို့ သိမ်းပိုက်မှုကို သတိပြု၍ ပယ်ဖျောက်ပါ။

- [ ] စာမျက်နှာ 5 — ဉာဏ်ကုသိုလ်

- [ ] စာမျက်နှာ 5 — ဆွမ်းပွဲကို မလိုက်ချိန်မှာ စေတနာပေါ် ပြီး အောက်ချချိန်မှာ ပေါ်တဲ့စေတနာ ချုပ်ပျက်သွားတာကို ရှုမြင်သတိပြု ဆင်ခြင်ပါ။

- [ ] စာမျက်နှာ 6 — (၅) ခြေလှမ်းတိုင်း စေတနာ

- [ ] စာမျက်နှာ 6 — ခရီးပန်းတိုင်နှင့် ခြေလှမ်းတစ်လှမ်းချင်းရဲ့ အနှစ်သာရ

- [ ] စာမျက်နှာ 6 — ကံကုသိုလ်

- [ ] စာမျက်နှာ 6 — ဘုရားဆီ ရောက်ဖို့ လမ်းလျှောက်ရာမှာ ခြေလှမ်း အောင် တိုက်တွန်းတဲ့ စေတနာက ကံကုသိုလ်ပါ။

- [ ] စာမျက်နှာ 6 — ဉာဏ်ကုသိုလ်

- [ ] စာမျက်နှာ 6 — တစ်လှမ်းပြီးတစ်လှမ်းတိုင်းမှာ လှမ်းလိုတဲ့စေတနာ၏ ဖြစ် ပေါ်ချုပ်ပျောက်မှုကို သတိနဲ့ ရှုမြင် ဆင်ခြင်တာက ဉာဏ်ကုသိုလ်ပါ။

- [ ] စာမျက်နှာ 6 — သွားမယ့်နေရာ(ခရီး) အဝေးအနီးကို မကြည့်ဘဲ သွားနေစဉ် ခြေလှမ်း တစ်လှမ်းချင်းမှာ ဖြစ်နေတဲ့ စိတ်ရဲ့ သဘာဝကို သိနေပါ။

- [ ] စာမျက်နှာ 7 — (၆) Conclusion

- [ ] စာမျက်နှာ 7 — ညောင်စေ့လောက်လှူ ညောင်ပင်ကြီးလောက်ရတယ်

- [ ] စာမျက်နှာ 7 — ကံကုသိုလ်

- [ ] စာမျက်နှာ 7 — ကော်ဖီတိုက်တဲ့ စေတနာက ညောင်စေ့နဲ့ တူပါတယ်။ “နည်းနည်းလှူ၊ များများရ”ဆိုပေမဲ့  အကျိုးကို မမျှော်လင့်ပါနဲ့။

- [ ] စာမျက်နှာ 7 — ဉာဏ်ကုသိုလ်

- [ ] စာမျက်နှာ 7 — စေတနာကို အမှန်သတိပြုမိတဲ့ ဉာဏ်ကုသိုလ်ရဲ့ အကျိုးက ညောင်ပင်ကြီးလောက် ရရှိမှာဖြစ်ပါတယ်။

## Day 1 — ကာတွန်းလက်စွဲ (၅ မျက်နှာ)

- [ ] စာမျက်နှာ 1 — အရာရာကို လောဘဖြင့် သိမ်းပိုက် ဖက်တွယ်ထားသောစိတ်မှ ပေးကမ်းကူညီ မျှဝေတတ်သောစိတ်သို့ ပြောင်းလဲပါ။

- [ ] စာမျက်နှာ 1 — အကုသိုလ်

- [ ] စာမျက်နှာ 1 — လောဘ၊ ဒေါသ၊ မောဟတို့သည် စိတ်ကို ပူပန်စေပြီး မကောင်းသော ကာယကံ၊ ဝစီကံ၊ မနောကံ

- [ ] စာမျက်နှာ 1 —  အပြုအမူများ ဖြစ်ပေါ်စေနိုင်သည်။

- [ ] စာမျက်နှာ 1 — ကုသိုလ်

- [ ] စာမျက်နှာ 1 — လောဘ၊ ဒေါသ၊ မောဟတို့ကို စွန့်ပယ်ပြီး ကောင်းသော အပြုအမူနှင့် စိတ်နေသဘောထားကို ပွားများခြင်း။

- [ ] စာမျက်နှာ 1 — ဆေးနှင့် ရောဂါ ဥပမာ

- [ ] စာမျက်နှာ 1 — ဆေးက ရောဂါကို သက်သာပျောက်ကင်းစေသကဲ့သို့ ကုသိုလ်က အကုသိုလ်ကို ပယ်ရှားပေးပါသည်။

- [ ] စာမျက်နှာ 1 — ကုသိုလ်ပြုခြင်းဖြင့် အကုသိုလ်ကို စွန့်ပယ်ပါ။

- [ ] စာမျက်နှာ 2 — 02 လောဘစွန့်ဖို့သာလိုရင်း

- [ ] စာမျက်နှာ 2 — လိုချင်တပ်မက်ပါက စိတ်မှာ ဝန်ထုပ် ဝန်ပိုး ဖြစ်၍ လေးလံသည်။ လိုချင်တပ်မက်မှုနည်းလျှင် စိတ်မှာ ဝန်ထုတ်ဝန်ပိုး လျော့၍ စိတ်ပေါ့ပါး လာသည်။

- [ ] စာမျက်နှာ 2 — အဓိက အနှစ်သာရ

- [ ] စာမျက်နှာ 2 — ဒုက္ခကို ဖြစ်စေသည့် တဏှာ၊ လောဘကို သိမြင်ပြီးလျှင် တဏှာ၊ လောဘကို စွန့်ပယ်ရန် ဖြစ်ပါသည်။  

- [ ] စာမျက်နှာ 2 — လိုချင်မှုကို သိပါ • လျှော့ချပါ • စွန့်လွှတ်ပါ ဆင်းရဲ ဒုက္ခငြိမ်းမည်။

- [ ] စာမျက်နှာ 3 — ပစ္စည်းပေးကမ်းခြင်းသည် မိမိရဲ့ပိုင်ဆိုင်မှုအပေါ် မိမိရဲ့တွယ်တာမှုကို လွှတ်ချခြင်းဖြစ်သည်။

- [ ] စာမျက်နှာ 3 — လှူဒါန်းနေချိန် သတိပြုရန်

- [ ] စာမျက်နှာ 3 — လှူဒါန်းခြင်းသည် ပစ္စည်းကို ပေးကမ်းရုံသာမက မိမိ၏ ပိုင်ဆိုင်မှုအပေါ်တွယ်တာသော လောဘကို စွန့်လွှတ်ရန် လည်း ဖြစ်သည်။

- [ ] စာမျက်နှာ 3 — နှလုံးသွင်းရန်

- [ ] စာမျက်နှာ 3 — “လောဘငြိမ်းရာ နိဗ္ဗာန်”ကို ဉာဏ်ဖြင့် ရည်မှန်းပြီး ဖြူစင်သော စိတ်ဖြင့် လှူဒါန်းပါ။ မိမိ၏ လောဘ စွန့်လွှတ်နိုင်မှုကို သတိပြုပါ။

- [ ] စာမျက်နှာ 3 — ပေးကမ်းခြင်း → တွယ်တာမှုကို စွန့်ခြင်း → လောဘငြိမ်းရာကို စိတ်ဖြင့် ရည်မှန်းခြင်း

- [ ] စာမျက်နှာ 3 — ဒါန အလှူနှင့်အတူ တွယ်တာမှုကိုပါ လွှတ်ချပါ။

- [ ] စာမျက်နှာ 4 — 04 လောဘကိုစွန့်ရန် ကုသိုလ် (၅) မျိုး

- [ ] စာမျက်နှာ 4 — ဒါနကုသိုလ်မှ မဂ်ကုသိုလ်အထိ ကုသိုလ်များကို ဆက်စပ်နားလည်ခြင်း

- [ ] စာမျက်နှာ 4 — ပေးကမ်းခြင်း • စောင့်ထိန်းခြင်း • တည်ကြည်ခြင်း - ရှုမြင်ဆင်ခြင်ခြင်း - ပယ်ရှားခြင်း

- [ ] စာမျက်နှာ 4 — ၁။ ဒါနကုသိုလ်လှူဒါန်းပေးကမ်း၍ ပစ္စည်းဥစ္စာအပေါ်စွဲလမ်းမှုကို စွန့်ခြင်း။

- [ ] စာမျက်နှာ 4 — ၂။ သီလကုသိုလ်စည်းကမ်းစောင့်ထိန်း၍ လူအများအတွက် ကောင်းကျိုးပြုခြင်းနှင့် မကောင်းမှု ရှောင်ရှားခြင်း။

- [ ] စာမျက်နှာ 4 — ၃။ သမာဓိကုသိုလ်စိတ်တည်ကြည်အောင် လေ့ကျင့်၍ အာရုံတပ်မက်မှုမှ ငြိမ်းအေးစေခြင်း။

- [ ] စာမျက်နှာ 4 — ၄။ ဝိပဿနာ"ငါ့ကိုယ်၊ ငါ့ဥစ္စာ၊ ငါ့ရုပ်နာမ်"ဟု ငါဖြင့် သိမ်းပိုက်တတ်သော လောဘကို စွန့်လွှတ်ခြင်း။

- [ ] စာမျက်နှာ 4 — ၅။ မဂ်ကုသိုလ်အကုသိုလ်(သို့)ကိလေသာကို အမြစ်ပြတ် ပယ်သတ်ခြင်း။

- [ ] စာမျက်နှာ 5 — 05 ကုသိုလ် အကုသိုလ်တိုက်ပွဲ နေ့စဉ်နွှဲ

- [ ] စာမျက်နှာ 5 — နေ့စဉ်ရွေးချယ်မှုထဲမှာ အကုသိုလ်ကို ရှောင်ရှားပါ/နေ့စဉ် ဘဝထဲမှာ ကုသိုလ်များကို ရွေးချယ်ပွားများပါ။

- [ ] စာမျက်နှာ 5 — ဝယ်ယူချိန် သတိထား • လူမှုဆက်ဆံရေးမှာ စေတနာဖြင့် ကူညီ • ပြန်ပြီးဆင်ခြင်

- [ ] စာမျက်နှာ 5 — ၁။ သိပါ

- [ ] စာမျက်နှာ 5 — အလုပ်လုပ်ရင်း၊ စားဝတ်နေရေးအတွက် ကြိုးစားရင်း ဖြစ်ပေါ်လာသော ကောင်းမှုနှင့် မကောင်းမှုကို သတိပြုပါ။

- [ ] စာမျက်နှာ 5 — ၂။ ရွေးပါ

- [ ] စာမျက်နှာ 5 — ပေးကမ်းခြင်း၊ စောင့်ထိန်းခြင်းနှင့် ကြင်နာစွာ ပြောဆိုတတ်ခြင်းတို့ကို ရွေးချယ် အသုံးပြုပြီး လေ့ကျင့် ပွားများပါ။

- [ ] စာမျက်နှာ 5 — ၃။ ပြန်ကြည့်ပါ

- [ ] စာမျက်နှာ 5 — တစ်နေ့တာကို ပြန်ဆင်ခြင်ပြီး လောဘ၊ ဒေါသ၊ မောဟကို လျှော့ချနိုင်ခဲ့သလား ဆန်းစစ်ပါ။ ကုသိုလ်များရန် ကြိုးစားပါ။

- [ ] စာမျက်နှာ 5 — ကုသိုလ်ကို ပွား • အကုသိုလ်ကို တား

## L1 — သီလ၊ သမာဓိ၊ ပညာ (၂ မျက်နှာ)

- [ ] စာမျက်နှာ 1 — ပညာ — မှန်ကန်သော သဘာဝ ၊ ဖြစ်ပျက်မှုနှင့် အကြောင်းအကျိုးကို အမှန်သိမြင်ပါ။

- [ ] စာမျက်နှာ 1 — "နိဗ္ဗာန်နှင့် ချိတ်ထားပါ" ဆိုတာ နေ့စဉ်ပြုလုပ်သင့်တဲ့ ကောင်းမှုတွေကို ပြုလုပ်ခြင်းဖြင့် လောဘ၊ ဒေါသ၊ မောဟ လျော့ပါးစေတယ်၊ ဆင်းရဲငြိမ်း စေတယ်။ လောဘ၊ ဒေါသ၊ မောဟ ကုန်ရာ/ ဆင်းရဲခပ်သိမ်း ချုပ်ငြိမ်းတာက နိဗ္ဗာန်ဖြစ်လို့ နိဗ္ဗာန်ကို အာရုံပြု၍ မိမိ၏ ကောင်းမှု ကုသိုလ်နဲ့ ချိတ်ဆက်နိုင်ပါတယ်။

- [ ] စာမျက်နှာ 1 — ဥပမာ – စိတ်တိုလာတဲ့အခါ ချက်ချင်း မတုံ့ပြန်ဘဲ ခဏရပ်ပြီး မှန်ကန်အကျိုးရှိတဲ့ စကားကို အေးအေးဆေးဆေး ပြောပါ။

- [ ] စာမျက်နှာ 1 — မိမိကိုယ်ကို မေးရန် — “ဒီလုပ်ရပ်၊ ဒီစကားက တစ်ဖက်လူကို ထိခိုက်စေမလား” “တစ်ဖက်လူအတွက် အကျိုးရှိစေမလား”

- [ ] စာမျက်နှာ 1 — ၃။ သမာဓိ၏ တည်ငြိမ်မှု — စိတ်မတုန်လှုပ်အောင်/မပျံ့လွင့်အောင် ထိန်းသိမ်းပေးခြင်း။

- [ ] စာမျက်နှာ 1 — သမာဓိဆိုတာ စိတ်ကို သင့်တော်တဲ့ အာရုံတစ်ခုအပေါ် စူးစိုက်ပြီး မပျံ့လွင့်ဘဲ စိတ်တည်ကြည်နေအောင် လေ့ကျင့်ခြင်းပါ။ 

- [ ] စာမျက်နှာ 1 — စိတ်တည်ကြည်လာတဲ့အခါ မစဉ်းစားဘဲ ချက်ချင်းတုံ့ပြန်မှု မဖြစ်တော့ဘဲ ဖြစ်နေတဲ့အခြေအနေကို အမှန်အတိုင်း ပို၍ ရှင်းရှင်းလင်းလင်း သိနိုင်ပြီး ပြဿနာကို ဖြေရှင်းနိုင်ပါတယ်။

- [ ] စာမျက်နှာ 1 — စိတ်တည်ငြိမ်အောင် စတင်လေ့ကျင့်ခြင်း

- [ ] စာမျက်နှာ 1 — ဥပမာ – အလုပ်မစခင် ခဏရပ်ပြီး မိမိအသက်ရှူနေမှုကို သတိပြုပါ။(စိတ်ပျံ့လွင့်မှုကို စတင်ထိန်းသိမ်းခြင်း) ပြီးရင် လုပ်နေတဲ့အလုပ်အပေါ် စိတ်ကို ပြန် တည်၍ အလုပ်အာရုံအပေါ်မှာ စိတ်ကို စူးစိုက်ပါ။

- [ ] စာမျက်နှာ 1 — မိမိကိုယ်ကို မေးရန် — “အခု ငါ့စိတ်က ဘယ်အာရုံမှာ ရှိနေသလဲ။"

- [ ] စာမျက်နှာ 2 — ရည်မှန်းချက် — ကိလေသာများကို အဆင့်ဆင့် ပယ်ရှားကာ လောဘ၊ ဒေါသ၊ မောဟ အမြစ်ပြတ်ငြိမ်းရာသို့ ဦးတည်ရန် ဖြစ်သည်။

- [ ] စာမျက်နှာ 2 — ပုံတော်ကို ဖူးမြော်ပူဇော်စဉ် — ကိုယ်နှင့်နှုတ်ကို ယဉ်ကျေးစွာ စောင့်ထိန်းပြီး ဖြစ်သည်။ သီလဖြစ်ပါသည်။

- [ ] စာမျက်နှာ 2 — ဂုဏ်တော်ကို ဆင်ခြင်စဉ် — ဘုရားဂုဏ်တော်ကို ပွားများဆင်ခြင်နေခိုက် စိတ်က မပျံ့လွင့်ဘဲ ဂုဏ်တော်ပေါ်တွင် စိတ်က တည်နေသည်။ သမာဓိ ဖြစ်ပါသည်။

- [ ] စာမျက်နှာ 2 — ဉာဏ်တော်ကို အာရုံပြုစဉ် — ဘုရားရှင်၏ အလုံးစုံကို အမှန်သိမြင်နိုင်သော ဉာဏ်တော်ကြီးကို အောက်မေ့ကာ မိမိကိုယ်တိုင်လည်း ဖြစ်ပျက်မှုနှင့် အကြောင်းအကျိုးကို သိမြင်အောင် လေ့ကျင့်ပါ။ ပညာကို ပွားများပါ။

- [ ] စာမျက်နှာ 2 — ဆင်ခြင်ရန် — “ဒီနေ့ ကိုယ်နှုတ်ကို စောင့်ထိန်းနိုင်ခဲ့သလား၊ စိတ်ကို တည်ကြည်စေနိုင်ခဲ့သလား၊ ပညာနဲ့ ဆင်ခြင်ပြီး လောဘ၊ ဒေါသ၊ မောဟ ဘယ်လောက်လျော့သွားသလဲ”

## နိဗ္ဗာန်နှင့် ချိတ်ထားပါ — အပိုင်း ၇ ပိုင်း (၄ မျက်နှာ)

- [ ] စာမျက်နှာ 1 — နိဗ္ဗာန်နှင့် ချိတ်ထားပါ

- [ ] စာမျက်နှာ 1 — သီလ၊ သမာဓိ၊ ပညာ

- [ ] စာမျက်နှာ 1 — ၁၆.၁ဝ.၂ဝ၂၆ / သောကြာနေ့

- [ ] စာမျက်နှာ 1 — (I)Introduction - ပန်းတိုင်၊ လမ်းစဉ်နှင့် လက်တွေ့ကျင့်သုံးမှု

- [ ] စာမျက်နှာ 1 — ၁။ ကုသိုလ်နှင့် အကုသိုလ် — ဗုဒ္ဓဝါဒ၏ အနှစ်သာရ (ပန်းတိုင်)

- [ ] စာမျက်နှာ 1 — နေ့စဉ်ဘဝထဲက လောဘ၊ ဒေါသ၊ မောဟတို့သည် အကုသိုလ်ဖြစ်သည်။ လောဘကိုစွန့်ခြင်း၊ ဒေါသကိုစွန့်ခြင်း၊ မောဟကို စွန့်ခြင်းသည် ကုသိုလ်ဖြစ်၏။ ထို့ကြောင့် ကုသိုလ်နှင့် အကုသိုလ်ဟူ၍ သီးခြားမရှိဘဲ၊ အကုသိုလ်ပယ်ခြင်းကိုပင် ကုသိုလ်ဟု ခေါ်ြခင်းဖြစ်သည်။

- [ ] စာမျက်နှာ 1 — ဟောပြောပွဲ၏ အနှစ်ချုပ်စကား

- [ ] စာမျက်နှာ 1 — “ကုသိုလ်လုပ်ရင် အကုသိုလ်ပယ်တယ်၊ အကုသိုလ်ကုန်ရင် နိဗ္ဗာန်ရောက်တယ်”

- [ ] စာမျက်နှာ 1 — ၂။ ကံကုသိုလ်နှင့် ဉာဏ်ကုသိုလ် — ဝိပဿနာပညာ(လမ်းစဉ်)

- [ ] စာမျက်နှာ 1 — “လှူတာကို ငါလှူတယ်လို့ သိတာက ကံကုသိုလ် ၊ လှူတာကို စေတနာက လှူတယ်လို သတိပြုမိတာက ဉာဏ်ကုသိုလ်” 

- [ ] စာမျက်နှာ 1 — ရှေ့စိတ်-စေတနာဖြစ်ပျက်၊ နောက်စိတ်-သတိကမဂ်။ 

- [ ] စာမျက်နှာ 1 — ကံကုသိုလ်အပေါ် သတိဖြင့် ဉာဏ်ကုသိုလ်ဆင့်ပါ။(ကံပေါ်ဉာဏ်ဆင့်)

- [ ] စာမျက်နှာ 1 — ရှေ့စိတ် — စေတနာ၏ ဖြစ်ပျက်မှု / နောက်စိတ် — ထိုဖြစ်ပျက်မှုကို သတိဖြင့် သိခြင်း။

- [ ] စာမျက်နှာ 1 — ၃။ သီလ၊ သမာဓိ၊ ပညာ — လက်တွေ့ ဘဝထဲမှာ ကျင့်သုံးခြင်း

- [ ] စာမျက်နှာ 1 — ကိုယ်နှုတ်ကို ကာယကံ၊ ဝစီကံဖြင့် မလွန်ကျူးအောင် စောင့်ထိန်းပေးတာက သီလ။ စိတ်ကို တည်ကြည် စေတာက သမာဓိ။ အမှန်သဘောကို သိမြင်စေပြီး လောဘ၊ ဒေါသ၊ မောဟတို့မှ လွတ်မြေက်စေတာက ပညာ။ နေ့စဉ်ဘဝတွင် သီလ၊ သမာဓိ၊ ပညာနှင့် အချိန်တိုင်းမှာ ပြည့်စုံအောင် တွဲဖက်ပွားများ လေ့ကျင့်ပါ။

- [ ] စာမျက်နှာ 2 — (II)သီလ-ကိုယ်နှင့်နှုတ်ကို စောင့်ထိန်းခြင်း

- [ ] စာမျက်နှာ 2 — သီလဆိုတာ ကာယကံ၊ ဝစီကံတို့ကို မလွန်ကျူးအောင် စောင့်ထိန်းပြီး မကောင်းမှုမှ ရှောင်ကြဉ်ခြင်းပါ။ မိမိလုပ်ရပ်၊ မိမိစကားကြောင့် သူတစ်ပါး ထိခိုက်မှုမဖြစ်စေရန် သတိထားပါ။ ကာယကံ၊ ဝစီကံဖြင့် သူတစ်ပါး အကျိုးကို ဆောင်ရွက်ပါ။ 

- [ ] စာမျက်နှာ 2 — လက်တွေ့ ဥပမာ – စိတ်တိုလာရင် ဆဲဆိုပြီး တုံ့ပြန်မယ့်အစား မှန်ကန်ပြီး အကျိုးရှိသော စကားကို သင့်တော်တဲ့ အချိန်မှာ ပြန်ပြောပါ။ အလုပ်နှင့်ငွေကြေးကိစ္စတွေမှာလည်း ရိုးသားမှုကို စောင့်ထိန်းပါ။

- [ ] စာမျက်နှာ 2 — ဆင်ခြင်ရန် — “ဒီလုပ်ရပ်၊ ဒီစကားမှာ မထိခိုက်စေမှုနဲ့ ရိုးသားမှု ရှိရဲ့လား။” “ဒီနေ့မှာ သူတစ်ပါးအကျိုးကို ဘယ်လောက် ဆောင်ရွက်ပြီးပြီလဲ။"

- [ ] စာမျက်နှာ 2 — (III)သမာဓိ — စိတ်ကို တည်ကြည်စေခြင်း

- [ ] စာမျက်နှာ 2 — သမာဓိဆိုတာ သင့်တော်သော အာရုံအပေါ် စိတ်ကို တည်ကြည်စွာ ထားနိုင်ခြင်းပါ။ မိမိကိုယ်ကို စောင့်ကြည့် မှုဖြစ်သော သတိနဲ့ ဒီသတိကို တည်မြဲစေတဲ့ ဝီရိယက စိတ်ရဲ့ တည်ကြည်မှုကို အထောက်အကူပြုပါတယ်။

- [ ] စာမျက်နှာ 2 — လက်တွေ့ ဥပမာ – ဘုရားဂုဏ်တော်ကို ဆင်ခြင်ချိန် အာရုံပေါ်မှာ စိတ်ကို တည်ပါ။ စိတ်ပျံ့လွင့်သွားတာကို သိတဲ့ အခါ ရွေးထားတဲ့ အာရုံဆီ စိတ်ပြန်ရောက်ရန် ဝီရိယစိုက်၍ အာရုံကို ပြန်ယူပါ။ အလုပ်လုပ်ချိန်မှာလည်း လုပ်နေသောအလုပ်ကို သတိနဲ့ အာရုံစိုက်ပါ။ စိတ်ပျံ့လွင့်မှုကို ထိန်းချုပ်ပါ။

- [ ] စာမျက်နှာ 2 — ဆင်ခြင်ရန် — “အခု စိတ်က ဘယ်မှာရှိသလဲ၊ အာရုံဆီ ပြန်တည်နိုင်သလား။”

- [ ] စာမျက်နှာ 3 — (IV)ပညာ— အမှန်သဘောကို ထိုးထွင်းသိမြင်ခြင်း

- [ ] စာမျက်နှာ 3 — ပညာဆိုတာ အကြောင်းတရားကြောင့် ဖြစ်ပေါ်နေသော ရုပ်နာမ်တို့၏ သဘော သဘာဝကို အမှန်အတိုင်း သိမြင်ခြင်းပါ။ ဖြစ်ပေါ်ရာ၊ ပြောင်းလဲရာ၊ ချုပ်ပျက်ရာနှင့် အကြောင်းအကျိုး သဘောကို သတိနှင့် ရှုမြင်ခြင်းအားဖြင့် “ငါ့အလိုအတိုင်း အမြဲဖြစ်ရမယ်” ဆိုတဲ့ စွဲယူမှုကို လျှော့ချနိုင်ပါတယ်။ များများလေ့ကျင့် ပွားများပါ။

- [ ] စာမျက်နှာ 3 — လက်တွေ့ ဥပမာ — လှူပြီးနောက် ချီးကျူးမဲ့ စကားကို စောင့်မျှော်နေတဲ့ လောဘစိတ် ပေါ်လာရင် သိပေးပါ။ လောဘစိတ်က ငါ့လောဘစိတ် မဟုတ်ကြောင်း သိပေးပါ။ လောဘစိတ်သည်လည်း မတည်မြဲပဲ အကြောင်း အခြေအနေအလိုက် ပြောင်းလဲနေကြောင်း ဆင်ခြင်ပါ။

- [ ] စာမျက်နှာ 3 — ဆင်ခြင်ရန် — “ဖြစ်နေတဲ့သဘောကို သိပါသလား၊ ‘ငါ့ဟာ’ လို့ စွဲနေတာလား။”

- [ ] စာမျက်နှာ 3 — (V)ပုံတော် ၊ ဂုဏ်တော် ၊ ဉာဏ်တော်

- [ ] စာမျက်နှာ 3 — ဘုရားရှိခိုးရင် မြတ်စွာဘုရားရဲ့ ပုံတော်ကို အာရုံပြုနေခိုက် သီလ လုံခြုံနေပါတယ်။ ဂုဏ်တော်ကို ပွားများရှိခိုးနေခိုက် စိတ်က မပျံ့လွင့်ဘဲ ဂုဏ်တော်ပေါ်မှာ စိတ်တည်နေလို့ သမာဓိဖြစ်ပါတယ်။

- [ ] စာမျက်နှာ 3 — ရုပ်နာမ်နဲ့ အကြောင်းအကျိုး၊ ဖြစ်ပျက်သဘာဝတွေကို နောက်သတိနဲ့ ဆင်ခြင်နေခိုက် ပညာဖြစ်ပါတယ်။ အလုံးစုံကို သိမြင်တော်မူတဲ့ မြတ်စွာဘုရားရဲ့ ဉာဏ်တော်ကြီးကို ရည်မှန်းပြီး ဖူးမြော်နိုင်ပါတယ်။

- [ ] စာမျက်နှာ 4 — (VI)ဝေယျာဝစ္စကုသိုလ်နှင့် သီလ၊ သမာဓိ၊ ပညာ

- [ ] စာမျက်နှာ 4 — တံမြက်စည်း လှဲနေခိုက် အများအကျိုးဆောင်ရွက်နေတာဖြစ်လို့ သီလ လုံခြုံနေပါတယ်။

- [ ] စာမျက်နှာ 4 — သန့်ရှင်းအောင် စေတနာလေးနဲ့ စိတ်မပျံ့လွင့်ဘဲ ဂရုတစိုက်လှဲနေလို့ စိတ်တည်ငြိမ်ပြီး သမာဓိဖြစ်နေပါတယ်။ 

- [ ] စာမျက်နှာ 4 — တံမြက်စည်းလှဲနေတာက ငါမဟုတ်ဘဲ - စေတနာက လှဲနေတာလို့ နောက်စိတ် သတိနဲ့ သိရင် ပညာဖြစ်ပါတယ်။

- [ ] စာမျက်နှာ 4 — တံမြက်စည်းလှဲနေခိုက် သီလ၊ သမာဓိ၊ ပညာတွေနဲ့ ပြည့်စုံမှုကို သတိပြုဆင်ခြင် နိုင်ရပါမယ်။

- [ ] စာမျက်နှာ 4 — (VII)Conclusion - ဘဝရဲ့ ပြည့်စုံမှု

- [ ] စာမျက်နှာ 4 — နေ့စဉ်ဘဝထဲက ကာယကံ၊ ဝစီကံ၊ မနောကံ ဖြစ်မှု အခိုက်တိုင်း(ပစ္စုပ္ပန်)မှာ သီလ၊ သမာဓိ၊ ပညာနဲ့ ပြည့်စုံနေရင် ဘဝတစ်ခုလုံးဟာ ပြည့်စုံတဲ့ဘဝဖြစ်ပါတယ်။ တန်ဖိုးအရှိဆုံးဘဝဖြစ်ပါတယ်။ ငြိမ်းချမ်းမှု အရှိဆုံးသော ဘဝတွေ ဖြစ်ပါတယ်။ ဒီလိုမြင့်မြတ်သော ဘဝဖြစ်ရန် ရှေ့စိတ်ပြီး နောက်စိတ်မှာ သတိနဲ့ ဆင်ခြင်နေရမှာဖြစ်ပါတယ်။
